မတ်ပဲဘယာကြော်

မတ်ပဲဘယာကြော်
၁။ မွှေးမတ်ပဲဘယာကြော်မှုန့်၁၅၀ ဂရမ် ၁ ထုပ်
၂။ ဒိန်ချဉ်၂၂၅ ဂရမ်
၃။ ကြက်သွန်နီအနည်းငယ်
၄။ ဇီယာအနည်းငယ်
၅။ ဂျင်းအနည်းငယ်
၆။ ငရုပ်သီးစိမ်းအနည်းငယ်
၇။ ပျဉ်းတော်သိမ်အနည်းငယ်
၈။ ကြက်သွန်မြိတ်အနည်းငယ်
၉။ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ဟင်းခတ်မှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၁။ ဆီ
  • ၁။ ပထမဦးစွာ မတ်ပဲဘယာကြော် ၁၅၀ ဂရမ်ကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ဒိန်ချဉ် ၂၂၅ ဂရမ် ထည်၍ သမအောင် မွှေပြီး ၄၅ မိနစ်ခန့် နှပ်ထားပါ။
  • ၂။နှပ်တာရလျှင် ကြက်သွန်နီ ပါးပါး လှီးထည့်ပါ။ ငြုပ်သီးစိမ်း ၊ ကြက်သွန်မြိတ် ပါးပါးလှီးထည့်ပါ။ ပျဉ်းတော်သိမ် ပါးပါးလှီးထည့်ပါ။ ဇီယာအနည်းငယ် ထည့်ပါ။ ထောင်းထားသော ဂျင်း ထည့်ပါ။ သမအောင်မွှေပါ။
  • ၃။ ဆီပူအောင်တည်ပါ။ ဆီပူလျှင် မီးလျှော့ပါ။ လက်ကို ရေဆွတ်၍ မတ်ပဲဘယာကြော်ကို အပြားပုံစံလုပ်၍ အလယ်တွင် အပေါက်ဖောက်ပြီး ထည့်ကြော်ပါ။ နီညိုရောင်သန်းလျှင် ဆယ်ယူပါ။

Video