မွှေးတို့ဟူးနွေးမှုန့် (150 g )သုံးစွဲရန် အညွှန်း

မွှေးတို့ဟူးနွေးမှုန့် (150 g )သုံးစွဲရန် အညွှန်း
  • တို့ဟူးနွေးအမှုန့် ( 150g)ကို အမှုန့် ၁ ဆ ရေ ၁ ဆ ဖြင့် ရောပြီး ဆား ၊ နနွင်းမှုန့် ၊ သကြား အနည်းငယ်တို့ဖြင့် ထည့်ဖျော်ပါ။
  • ဆီပူပူထဲသို့ ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုပ်သီးမှုန့် နှင့် မိမိကြိုက်နှစ်သက်ရာ အသား / ငါး (သို့) သက်သတ်လွတ်အသားတုများထည့်ပြီး ဆီသတ်ပါ။
  • အိုးထဲသို့ ရေ ( 1 Liter ) ထည့်ပြီးဆူအောင်တည်ပါ။ ဆူလာလျှင် မီးအရှိန်လျှော့ပြီး ဖျော်ထားသော တို့ဟူးနွေးအရည်ကို ပဲစိမ်းနံ့ ပျောက်သည်အထိ အဆက်မပြတ် မွှေ၍ ကျိုပါ။ မပျစ်မကျဲအနေအထားရသည်အထိ မီးနွေးနွေးဖြင့် တည်ပြီး မွှေပေးပါ။
  • ပြုတ်ထားသော ဆန်စီးခေါက်ဆွဲပေါ်သို့ တို့ဟူးနွေးလောင်းထည့်ပါ။ နံနံပင် ၊ ကြက်သွန်မြိတ် ၊ ထောင်းထားသောမြေပဲလှော် ၊ နှမ်း ၊ ပဲငံပြာရည်အကြည် ၊ ကြာညို့နှင့် ဆီသတ်ထားသော ဟင်းအနှစ်တို့ကို ထည့်၍ သုံးဆောင်နိုင်ပါသည်။မှတ်ချက်။ ။ ဆန်စီး / အီကြာကွေးဖြင့် စားသုံးနိုင်ပါသည်။