မုန့်ဆီကြော်

မုန့်ဆီကြော်
၁။ မွှေးကောက်ညှင်းမှုန့်150g
၂။ မွှေးဆန်စိမ်းမှုန့်50g
၃။ ထန်းလျက်၁၀ ကျပ်သား
၄။ ဆားအနည်းငယ်
၅။ နှမ်းအနည်းငယ်
၆။ အုန်းသီးဆံအနည်းငယ်
၇။ ရေ + ထန်းလျက်ရည်၃၂၅ မီလီ
  • ၁။ ပထမဦးစွာ ထန်းလျက် ၁၀ သား ( ၁၆၀ ဂရမ် ) ကို ကျို၍ ဇကာဖြင့် စစ်ထားပါ။
  • ၂။ ကျိုထားသည့် ထန်းလျက်ရည်ထဲသို့ ရေထည့်ပါ။ ထန်းလျက်ရည်နှင့် ရေ နှစ်မျိုးပေါင်း ၃၂၅ မီလီ ဖြစ်ရပါမည်။
  • ၃။ ပန်းကန်တစ်ခုထဲသို့ မွှေးကောက်ညှင်းမှုန့် ၁၅၀ ဂရမ် ၁ ထုပ်နှင့် မွှေးဆန်အစိမ်းမှုန့် ၅၀ ဂရမ် ( ၂ ဇွန်းခွဲ) ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။
  • ၄။ ထန်းလျက်ရည်နှင့် ရေ နှစ်မျိုးပေါင်း ၃၂၅ မီလီ ထည့်ပါ။
  • ၅။ သမအောင် မွှေပေးပါ။
  • ၆။ မြေပဲဆံနှင့် အုန်းသီးကို ပါးပါးလှီးထားပါ။
  • ၇။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်ပါက ဒယ်အိုးအပြား နှင့် ဆီဆူအောင် တည်ပါ။ ဆီဆူလျှင် မုန့်ရည် ထည့်ပါ။ ဇွန်းပြားဖြင့် ဖိ၍ ကြော်ပေးပါ။ ( အစာမပါဘဲ မုန့်ဆီကြော် အလွတ်ကြော်ခြင်း ဖြစ်ပါသည်။)
  • ၈။ အစာဖြင့် ထည့်ကြော်မည်ဆိုပါက မုန့်နှစ်ခပ်ပါ။ ခပ်သည့်မုန့်နှစ်ထဲသို့ မြေပဲဆံ၊ နှမ်း ၊ အုန်းသီးထည့်၍ မွှေပြီးမှ ဒယ်အိုးထဲ ထည့်ကြော်ပါ။ ဟိုဘက်ဒီဘက်လှန်၍ ဇွန်းပြားဖြင့် ဖိကြော်ပါ။

မုန့်ဆီကြော်ကို အလွယ်တကူ ကြော်စားနိုင်ပါပြီ။

Video