မန္တလေးပဲကပ်ကြော်

မန္တလေးပဲကပ်ကြော်
၁။ မွှေးမန္တလေးပဲကပ်ကြော်မှုန့်150g
၂။ ဆား ( လက်ဖက်ရည်ဇွန်း)ဇွန်းတစ်ဝက်
၃။ အချိုမှုန့် ( လက်ဖက်ရည်ဇွန်း)၁ ဇွန်း
၄။ ဂျင်းလက်နှစ်ဆစ်
၅။ ရေ150 ml
  • ၁။ မွှေးမန္တလေးပဲကပ်ကြော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ဆား ဇွန်းတစ်ဝက် ၊ ဟင်းခတ်မှုန့် ၁ ဇွန်း ထည့်၍ နှံ့ အောင် မွှေပါ။ ရေ ၁၅၀ မီလီ ထည့်၍ သမအောင် မွှေပြီး ၂ နာရီ နှပ်ထားပါ။
  • ၂။ နှပ်ထားတာရလျှင် ထောင်းထားသော ဂျင်း ထည့်၍ သမအောင် မွှေပါ။
  • ၃။ ဆီဆူလျှင် ထည့်ကြော်ပါ။ ( လက်မကပ်စေရန် မုန့်နှစ်ယူချိန် လက်ကို ရေစွတ်ပါ။)
  • ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူနိုင်ပါပြီ။ အလွယ်တကူ ကြော်စားနိုင်တဲ့ မန္တလေးပဲကပ်ကြော် ရပါပြီ။

Video