ငါးအသားလုံးကြော်ပြုလုပ်နည်း

ငါးအသားလုံးကြော်ပြုလုပ်နည်း
၁။ ရွှေလိပ်ပြာ ၁၅၀ ဂရမ်၁ ထုပ်
၂။ ငါးကြင်း၅၀ ကျပ်သား
၃။ မုန်လာဥနီ၁၀ ကျပ်သား
၄။ ကြက်သွန်ဖြူ၃ လုံး
၅။ ကြက်သွန်နီ၁ လုံး
၆။ ကြက်ဥ၂ လုံး
၇။ ဂျင်း လက်၂ ဆစ်
၈။ ဆား၂ ဇွန်း ( လက်ဖက်ရည်ဇွန်း)
၉။ ဟင်းခတ်မှုန့်၁ ဇွန်း ( ဇွန်းကြီးး )
၁၀။ သကြား၁ ဇွန်း ( ဇွန်းကြီး)
  • ၁။ ပထမဦးစွာ ငါးကြင်း ၅၀ ကျပ်သား ကို ရေနှင့်ပြုတ်ပေးပါ။ ငါးနူးလျှင် ဆယ်ပြီး အရိုးနွှင်ထားပါ။
  • ၂။ မုန်လာဥနီ ၁၀ ကျပ်သား (160g)ကို အခွံခွါ၍ ခြစ်ဖြင့်ခြစ်ပါ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ထောင်းထားပါ။
  • ၃။ ဂျင်းကို ထောင်း၍ ရေအနည်းငယ်ထည့်ပြီး ဂျင်းရည်ပြုလုပ်ထားပါ။
  • ၄။ အဆင်သင့်ဖြစ်ပါက နွှင်ထားသော ငါး ၊ ခြစ်ထားသော မုန်လာဥနီ ၊ ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်းရည် ၊ ဟင်းခတ်မှုန့် ၊ သကြား ၊ ဆား နှင့် ရွှေလိြပ်ပာ အကြော်မှုန့် ၁၅၀ ဂရမ် တစ်ထုပ်ထည့်ပါ။ ကြက်ဥနှစ်လုံးဖောက်ထည့်ပါ။ ပြီးလျှင် သမအောင်နယ်ပေးပါ။
  • ၅။ ဆီဆူလျှင် အနေတော်အလုံးလေးများ လုပ်၍ ထည့်ကြော်ပါ။ ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူ၍ ဆီစစ်ထားပါ။

အရသာကောင်းမွန်သော ငါးအသားလုံးကြော်ကို ထမင်းနှင့် တွဲဖက်၍ သုံးဆောင်နိုင်သလို ဆော့စ်နှင့် တွဲဖက်၍လည်း သုံးဆောင်နိုင်ပါသည်။

Video