ငါးဖယ်ကြော်

ငါးဖယ်ကြော်
၁။ ငါးဖယ်၁၀ ကျပ်သား
၂။ ကြက်သွန်နီ၁ လုံး
၃။ ကြက်သွန်ဖြူအနည်းငယ်
၄။ ဟင်းခတ်မှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်
၅။ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်
၆။ သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်း
၇။ ကြက်ဥ၁ လုံး
၈။ နှမ်းဆီမွှေးထမင်းစားဇွန်း ၁ ဇွန်း
  • ၁။ ကြက်သွန်နီ ၁ လုံးနှင့် ကြက်သွန်ဖြူအနည်းငယ်တို့ကို ကြိတ်ပေးပါ။
  • ၂။ ရလျှင် ငါးဖယ် ၁၀ ကျပ်သား ၊ ဟင်းခတ်မှုန့် ၊ ဆား ၊ သကြား နှင့် မွှေးကော်မှုန့် ၅၀ ဂရမ် ( သို့ ) ၃ ဇွန်း ၊ ရွှေလိြပ်ပာ အကြော်မှုန့် ၃၅ ဂရမ် (သို့) ၂ ဇွန်း တို့ကို ထည့်၍ ကြိတ်ပေးပါ။
  • ၃။ ကြိတ်နေစဉ် ရေအနည်းငယ် ၊ ကြက်ဥ (၁)လုံးနှင့် နှမ်းဆီမွှေး တို့ကို ထည့်ပါ။
  • ၄။ ငါးဖယ်သား စေးသည်အထိ ကြိတ်ပေးပါ။
  • ၅။ ငါးဖယ်သား စေးလျှင် လက်ကို ဆီအနည်းငယ် သုတ်၍ ငါးဖယ်ကို ဆုပ်၍ တုတ်ချောင်းတွင် အ၍ တုတ်ချောင်းတွင် အရှည်ပုံစံ ထိုးပေးပါ။
  • ၆။ ကြက်ဥ ၂ လုံး ခလောက်ထားပါ။
  • ၇။ ရေဆူအောင်တည်ပါ။ ရေဆူလျှင် ငါးဖယ်ချောင်းများကို ထည့်ပြုတ်ပါ။ ငါးဖယ်ချောင်းများ ရေပေါ် ပေါ်ပါက ဆယ်၍ ရေစစ်ထားပါ။

ငါးဖယ်ကြော်နည်း (၁)

ဆီဆူအောင်တည်ပါ။ ဆီဆူလျှင် ငါးဖယ်ချောင်းကို ကြက်ဥနှစ်ရည်လူး၍ ကြော်ပါမည်။

ငါးဖယ်ကြော်နည်း (၂)

နောက်တစ်နည်းကတော့ ငါးဖယ်ချောင်းတွေကို ကြက်ဥရည်လူးပါ။ ပြီးလျှင် Bread Crumbs မှုန့်ကပ်၍ ကြော်ပါ။

Video